Ko Wunna Tun (Batch 2)
ဒီနေ့ မှာ တော့ Meet our Alumni အစီအစဉ် အနေနဲ့ Professional Diploma in Facade Engineering Batch (2) မှ Ko Wunna Tun ရဲ့ အတွေ့အကြုံလေးတွေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Q1. Mullion Facade Engineering School မှာ Professional Diploma in Facade Engineering သင်တန်းကို တက်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းအကြောင်းလေးမိတ်ဆက်ပေးပါဦး။
Answer: Door & windows လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်တာကြောင့် အတွေ့အကြုံနဲ့ နည်းစနစ်ပေါင်းစပ်ပြီး specialist တစ်ယောက်အနေနဲ့ clients တွေကို ဝန်ဆောင်မှုပေးနိုင်အောင် ဒီသင်တန်းလေးကိုတက်ရောက်ဖြစ်ခဲ့ပါတယ်။
Q2. ဒီသင်တန်းကနေ ရရှိခဲ့တဲ့ နည်းစနစ် နှင့် ကျွမ်းကျင်မှုတွေက သင့်ရဲ့ လုပ်ငန်းခွင်အတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိခဲ့ပါသလဲ?
Answer: Façade engineering သိမ့်ကိုအရေးကြီးပြီး ကျယ်ပြန့်ပါတယ် အထူးသဖြင့် ဒီသင်တန်းကနေရလိုက်တဲ့ Design calculations နဲ့ ပတ်သက်ပြီးအသေးစိတ်လေ့လာဖြစ်ခဲ့ပါတယ် ၊ တွက်ချက်မှုတွေလုပ်ပြီးမှ clients တွေကိုအကြံပေးဖြစ်ပါတယ်။ ပြီတော့ ကိုယ် management လုပ်နေတဲ့ Operations Team ကိုလဲ ကောင်းကောင်း အကြံပေးနိုင်ခဲ့ပါတယ်။
Q3. ဒီသင်တန်းက တက်ရောက်ခြင်းကြောင့် အထောက်အပံ့ဖြစ်သွားတဲ့ အတွေ့အကြုံ (သို့) ရလဒ်တစ်ခုကို ပြောပြပေးပါဦး။
3. ဒီသင်တန်းက တက်ရောက်ခြင်းကြောင့် အထောက်အပံ့ဖြစ်သွားတဲ့ ရလဒ်တစ်ခုကို ပြောပါဆိုရင်တော့ လုပ်ငန်းတူ မိတ်ဆွေတွေနဲ့ ရင်းနှီးခွင့်ရပါတယ် ပြီးတော့ တချို့ဆို အကျိုးတူလုပ်ငန်းလေးတွေလုပ်ဖြစ်သွားတယ် ။
Q4. Mullion Facade Engineering School ရဲ့ သင်ရိုးညွှန်းတမ်း (သို့) ဆရာများ၏ အကျိုးကျေးဇူးထဲမှ ဘာတွေက သင့်အတွက် အထောက်အကူ အများဆုံး ဖြစ်ခဲ့ပါသလဲ၊ ဘာကြောင့်လဲ?
4. သင်ရိုးညွှန်းတမ်းတွေအားလုံးကတော့ ကျွန်တော့်အတွက် အထောက်အကူဖြစ်ခဲ့ပါတယ် ၊ တချို့အကြောင်းအရာတွေက လက်တွေ့လုပ်နေပေမဲ့ စာနဲ့တွဲသိရတော့ ကိုယ့်ကိုကိုယ့် ယုံကြည့်မှုပိုရတာမျိုးရှိလာတယ် ။ အထူးသဖြင့်တော့ Design Calculations ၊ Installation methods ၊ Methods of Statement လို အခြားအဖွဲ့တွေနဲ့ချိတ်ဆက်လုပ်ရမဲ့ သင်ခန်းစာတွေပါဆွေးနွေးဖြစ်ခဲ့ပါတယ်။
Q5. Professional Diploma in Facade Engineering သင်တန်းကို တက်ရောက်ဖို့ စဉ်းစားနေ သူတွေ ကို သင့်အနေ နဲ့ ဘာတွေ များ အကြံပြုချင်ပါသလဲ?
5. Facade လုပ်ငန်းလုပ်ကိုင်နေတဲ့သူဖြစ်ဖြစ် အခြား ဆက်စပ်နေတဲ့ Civil work လုပ်ကိုင်နေသူဖြစ်ဖြစ်တကယ်တက်သင့်တဲ့သင်တန်းဖြစ်ပါတယ် သင်ခန်းစာတွေအပြင် Knowledge sharing လုပ်ပေးတဲ့ဆရာတွေကလဲ စေတနာပါပြီး သေချာ sharing လုပ်ပေးလို့ တကယ့်ကိုတက်ရောက်သင့်တဲ့သင်တန်းလေးဖြစ်ပါတယ်။
ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးတဲ့ အတွက် ကိုဝဏ္ဏထွန်း ကို ကျေးဇူးအများကြီးတင်ပါတယ်။